Thursday, July 27, 2017

ညောင်လေးပင်မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧက ၂၃၀၀၀ ကျော် ရေလွှမ်းလျက်ရှိ



ညောင်လေးပင် ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့၌ စစ်တောင်းမြစ်ရေသည် ဇူလိုင် ၂၇ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၃၀ အချိန် တိုင်းတာချက်အရ ၁၁၇၂ စင်တီမီတာ ရှိပြီး စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာအထက် ဆက်လက်မြင့်တက် လျက်ရှိပြီး အဆိုပါစစ်တောင်းမြစ်ရေမြင့်တက်ရေလျှံမှုနှင့်အတူ မိုးများ အဆက်မပြတ်ရွာသွန်းနေပြီး ချောင်းမြောင်းများ ရေလျှံခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ဇူလိုင် ၂၆ ရက်နေ့ တွင် မိုးစပါးစိုက်ဧက ၂၃၀၀၀ ကျော် ရေလွှမ်းနေကြောင်း သိရသည်။

စစ်တောင်းမြစ်ရေလျှံမှုကြောင့် မဒေါက်မြို့အနိမ့်ပိုင်းနေရာများမှ မင်းလမ်းမကြီးပေါ်အထိ ရေတိုးလျက်ရှိပြီး ညောင်လေးပင်တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၂ အုပ်စုတွင် တောင်သူ ၃၇၆၁ ဦး မှ ကွင်းပေါင်း ၁၁၈ ကွင်းတွင်  စိုက်ပျိုးထားသော မိုးစပါးသီးနှံဧက ၂၃၈၀၅ ဧက ရေလွှမ်းလျက်ရှိပြီး အချို့နေရာများတွင် လယ်ဧက ၅၁၆၂ ဧက ရေပြန်ပေါ်လျက်ရှိသည်။ တစ်မြို့နယ်လုံး အတိုင်းအတာဖြင့် ရေကြီးရေလျံမှုကြောင်း စာသင်ကျောင်း ၁၂ ကျောင်း ယာယီပိတ်ထားခဲ့ရာက ၈ကျောင်းပြန်ဖွင့်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
(မြို့နယ်ပြန်/ဆက်)

No comments:

Post a Comment