Tuesday, July 25, 2017

မြင်းခြံခရိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးပညာပေး ဟောပြောပွဲ ပြုလုပ်



မြင်းခြံ  ဇူလိုင်  ၂၄
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် မြင်းခြံခရိုင် လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေးဟောပြောပွဲကို ဇူလိုင် (၂၄) ရက်၊ နံနက် (၈) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးဟောပြောပွဲတွင် မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းသွင်မှ လူကုန်ကူးမှုနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။ ထို့နောက် မြင်းခြံမြို့မစခန်းမှူး ဒုတိယရဲမှူး မျိုးလွင်မှ လူကုန်ကူးမှုနှင့် လူမှောင်ခိုကွာခြားပုံ ၊ လူကုန်ကူးမှုတိုက်ဖျက်ရာတွင် ပြည်သူနှင့်အတူ ဌာနဆိုင်ရာများအားလုံး လက်တွဲဝိုင်းဝန်း ဆောင်ရွက်ရေး၊ တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့တွင် လုပ်ငန်းများ သွားရောက်လုပ်ကိုင်ရာမှ လူကုန်ကူးမှုနှင့် လူမှောင်ခို ဖြစ်သွားခြင်း အကြောင်းများကို ပရိုဂျက်တာဖြင့် ပြသရှင်းလင်း ဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လူကုန်ကူးမှု တိုက်ဖျက်ရေးပညာပေး ဟောပြောပွဲသို့ မြင်းခြံခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ မြင်းခြံ ၊ တောင်သာ ၊ နွားထိုးကြီး ၊ ငါန်းဇွန်မြို့နယ်အုပ်ချုပ်ရေးမှူးများ နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင် ( မြင်းခြံ )

No comments:

Post a Comment