Tuesday, July 25, 2017

ဇေယျာသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့သရုပ်ပြခြင်းနှင့် အသိပညာပေး ဟောပြော



နေပြည်တော်  ဇူလိုင်  ၂၄
နေပြည်တော် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအုပ်စု ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကော့နူးနှင့် ဆရာ/ဆရာမများ၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၄၅၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော် ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝင်းစန္ဒာကြည်က ဦးစီးဌာန လုပ်ငန်းဆောင်ရွက်ချက်များနှင့် သဘာဝဘေးအန္တရာယ်သင့် အိမ်ထောင်စုဝင် ပြည်သူများအား ထောက်ပံ့ပေးမှုများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တိုးတိုးမော်က မီးဘေးအန္တရာယ်၊ ငလျင်ဘေးအန္တရာယ်နှင့် မိုးကြိုးအန္တရာယ်များ ကြုံတွေ့ပါက ဆောင်ရန်ရှောင်ရန်များနှင့် ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်းများကို လက်တွေ့ သရုပ်ပြသခဲ့ပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ မီးဘေးပညာပေး ပိုစတာ၊ ဗလာစာအုပ်နှင့် ဘောပင်များကို ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်

No comments:

Post a Comment