ငါးသိုင်းချောင်း
ဇူလိုင် ၂၅
ပုသိမ်ခရိုင်၊
ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ရေသည် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ
၃၀ ဒဿမ ၂၀ ပေ စိုးရိမ်ရေအမှတ်အထက် ၃ ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိပြီး မြစ်ရေပေဝက်ခန့်
ဆက်လက်တက်လာနိုင်ကြောင်း မိုး/ဇလဌာနမှ ခန့်မှန်းချက် ထုတ်ပြန်ထားရာ အဆိုပါနေ့ နံနက်ပိုင်း၌
သဘာဝဘေး ရှာဖွေကယ်ဆယ်ရေးအဖွဲ့၊ နယ်မြေရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့ဝင်များက
ငါးသိုင်းချောင်းမြို့
ငဝန်မြစ်ကမ်းဘေး မြေနိမ့်ပိုင်းရှိ ငဝန်ရပ်ကွက်အတွင်း မြစ်ရေအခြေအနေ သတိပေးချက်များကို
ရပ်ကွက်အတွင်း လှည့်လည် လိုက်လံကြေငြာခဲ့ကြပြီး
ရုပ်မြင်သံကြားနှင့် ရေဒီယိုများ၊ အင်တာနက် ဝက်ဘ်ဆိုဒ် များရှိ မိုး/ဇလ ဌာနမှ သတိပေး
ထုတ်ပြန်ချက်များအား အဆက်မပြတ် နားထောင်၍ သတိပြုနေထိုင်ကြရန် လှည့်လည်ကြေငြာခဲ့ကြောင်း
သိရသည်။
လတ်တလောအခြေအနေတွင်
ငဝန်ရပ်ကွက်အတွင်း မြစ်ကမ်းဘေး မြေနိမ့်ပိုင်းမှ အိမ်ထောင်စု ၈ စု ရပ်ကွက်အတွင်းရှိ
ယာယီရေဘေး ကယ်ဆယ်ရေး စခန်းနှစ်ခုတွင် ရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း၊ မြစ်ကမ်းဘေးမြေနိမ့်ပိုင်းရှိ
အခြေခံပညာကျောင်း (၃) ကျောင်း ယာယီပိတ်ပေးထားရကြောင်း၊ ငဝန်ရေကာတာမှာ လက်ရှိရေအမှတ်တွင်
ကြံ့ခိုင်မှု ကောင်းမွန်လျက်ရှိနေဆဲဖြစ်ပြီး ဒေသခံပြည်သူများ ပုံမှန်ဆက်သွယ်သွားလာလျက်ရှိနေဆဲဖြစ်ကြောင်း
သတင်းရရှိပါသည်။
စိုးမင်းဦး(ပြန်/ဆက်)
No comments:
Post a Comment