Wednesday, July 26, 2017

ပရဟိတ အသင်းများနှင့် စစ်သည်များ စုပေါင်း၍ ခြင်ဆေးများ လိုက်လံဖြန်းခြင်း ဆောင်ရွက်



မြင်းခြံ   ဇူလိုင်  ၂၅
မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ရောဂါများတွင် သွေးလွန်တုပ်ကွေးရောဂါသည် လည်း အဖြစ်များသော ရောဂါတစ်ခု ဖြစ်ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်စေခြင်းသည် ခြင်ကိုက်ရာမှတစ်ဆင့်ဖြစ်ပွား ခြင်းဖြစ်ရာ ခြင်များ နှိမ်နှင်းရာတွင် ခြင်ဆေးဖြန်းခြင်းဖြင့် နှိမ်နှင်းရာ မြင်းခြံမြို့ရှိ ပရဟိတအသင်းများ စုပေါင်း၍ ခြင်ဆေးများ ဖြန်းခြင်းကို ဇူလိုင် (၂၅) ရက်၊ နံနက် (၁၀) နာရီအချိန်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြင်းခြံမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ခြင်ဆေးများ လိုက်လံဖြန်းခြင်းကို မြင်းခြံ အွန်လိုင်းပရဟိတအသင်း၊ အမှတ် (၁၉) ရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေး အသင်းတို့နှင့်အတူ နယ်မြေခံတပ်ဖြစ်သော အမှတ် (၁၅)  ခြေမြန်တပ်ရင်းမှ စစ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ခြင်ဆေးဖြန်းရာတွင် လိုအပ်သော ခြင်ဆေး (ပိုးသတ်ဆေး)နှင့် စက်သုံးဆီများကို Junction River Trading Company Ltd မှ လှူဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် ခြင်ဆေးများ ယခုလို လိုက်လံဖြန်းခြင်းအား ရပ်ကွက်နေပြည်သူများမှလည်း ကျေးဇူးတင်ဝမ်းသာလျက်ရှိကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင် ( မြင်းခြံ )

No comments:

Post a Comment