Wednesday, July 26, 2017

အောင်သာကျေးရွာတွင် စာဖက်ရှိန်မြှင့်တင်ရေး လုပ်ငန်းကွင်းဆင်းဆောင်ရွက်




နွားထိုးကြီး    ဇူလိုင်    ၂၅
နွားထိုးကြီးမြို့နယ်၊ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်(၂၅) ရက် နံနက်က အောင်သာကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်သံကျွမ်းကျင်-၃ ဦးမြင့်ဆွေမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာတွင်သာမက ကျောင်းပြင်ပ စာပေဗဟုသုတရရှိစေခြင်း၊ အသိပညာ အတတ်ပညာ တိုးပွားစေရန်ရည်ရွယ်၍ စာဖက်ရှိန်မြှင့်တင်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းနှင့် ပြန်ကြားရေး  ဝန်ကြီးဌာန၏ ပြည်သူဗဟိုပြု လုပ်ငန်းကွင်းဆင်း ဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကျောင်းအုပ် ဒေါ်ဌေးဌေးမြင့်က ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ လာရောက် ပြုလုပ်သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများက စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။ ရုပ်သံ-၃ ဦးမြင့်ဆွေက ကျောင်းစာကြည့်တိုက်တွင် အသုံးပြုရန် စာအုပ်များကို လှူဒါန်းရာ ဆရာမဒေါ်ဌေးဌေးမြင့်မှ လက်ခံခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment