Sunday, July 30, 2017

ဧရာဝတီ တိုင်းဒေသကြီးအတွင်း သဘာဝဘေးကြိုတင် ပြင်ဆင်ရေးနှင့် ထောက်ပံ့ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်လျက်ရှိ


ဧရာဝတီ ဇူလိုင် ၃၀ 
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် သာပေါင်းမြို့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ မြို့နယ်အဆင့် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက သာပေါင်းမြို့နယ် အတွင်း ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တလုပ်ကုန်းကျေးရွာ အုပ်စု၊ နွားတောင် ကျေးရွာရှိ မင်္ဂလာရာမ ကျောင်းတိုက်သို့ ရောက်ရှိကြပြီး နွားတောင်၊ ဘုရား ကုန်း၊ကျိ န္တလိ၊ ကမ်းပါးနီကျေးရွာများမှ ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ အားပေး စကားပြော ကြားပြီး ဘုရားကုန်းရွာ၊ ကျိန္တလိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူ(၃၉၉)ဦးအတွက် ဆန်ရိက္ခာ(၁) ပတ်စာတန်ဖိုး (၈၃၇၉၀၀ိ/-)ကျပ်၊ မသန်စွမ်း(၅) ဦးအတွက် ထောက်ပံ့ကြေး ငွေကျပ် (၁၅၀၀၀၀ိ/-)၊ ရေဘေးသင့် ပြည်သူများ ညပိုင်း လျှပ်စစ်မီး ရရှိရေးအတွက် စက်သုံးဆီဖိုးငွေကျပ် (၄၇၆၀၀ိ/-)ကျပ်၊ ရေဘေးရှောင် အိမ်ထောင်စု (၁၄၂)စု အတွက် ကုလားပဲ (၁၄၂ဒသမ၅)ပိဿာ၊ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (၄၀၀)ခုနှင့် ဆပ်ပြာ (၂၀၀)ပိုင်း၊ ကလေးကစားစရာ အရုပ်နှင့် အာဟာရမုန့်များကို ထောက်ပံ့သည်။
ထို့ပြင် သဘာဝဘေးကြိုတင် ကာကွယ်ရေးနှင့် ဘက်စုံသုံး အဆောက်အဦ(၁)လုံး ထောက်ပံ့နိုင်ရေးအတွက်  ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့ရှိ မဟာ သီရိမင်္ဂလာရာမပရိယတ္တိ စာသင်တိုက်တွင် ခေတ္တရေဘေးရှောင် ပြည်သူများအားသွားရောက် ကြည့်ရှုအားပေးကာ  ရေဘေးသင့် ပြည်သူ (၇၇၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၆၂၉၆၀၀ိ/-) ကျပ်၊ ဖိုက်ဘာ စက်တပ်လှေ(၃)စီးနှင့် အသက်ကယ်အင်္ကျီ (၃၀) ထည် အတွက် (၆၉ သိန်း)၊ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (၄၀၀)ခုနှင့် ဆပ်ပြာ (၂၀၀)ပိုင်း၊ မိခင်(၁)ဦး အာဟာရ ဖြည့်တင်းရေးအတွက် ထောက်ပံ့ငွေကျပ် (၅၀၀၀၀ိ/) တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
 (သတင်းစဉ်)

No comments:

Post a Comment