Sunday, July 30, 2017

မောင်​​​တောဒေသ ဖွံ့ဖြိုးရေး ရခိုင်​ပြည်​နယ်​ ဝန်​ကြီးချုပ်​ ကြည့်ရှုစစ်ဆေး


မောင်​​တော ဇူလိုင်​ ၃၀

ရခိုင်​ပြည်​နယ်​ဝန်​ကြီးချုပ်​ ဦးညီပုသည်​ ပြည်​နယ်​အစိုးရအဖွဲ့ လူမှု​ရေးဝန်​ကြီး ​ဒေါက်​တာချမ်းသာ၊ စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေး၊ သစ်​​တောနှင့်​ သတ္တုဝန်​ကြီး ဦး​ကျော်​လွင်​၊ လုံခြုံ​ရေးနှင့်​ နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်​၊ ​ပြည်​နယ်​အစိုးရ အဖွဲ့ အတွင်း​ရေးမှူး ဦးတင်​​မောင်​​ဆွေ၊ ​ဌာနဆိုင်​ရာ​တာဝန်​ရှိသူများနှင့်​အတူ ယ​နေ့ နံနက်​ပိုင်းတွင်​ ​မောင်​​တောမြို့နယ်​ မြို့သူကြီး​ကျေးရွာရှိ ငါးသား​ဖောက်​စခန်းကို ကြည့်​ရှု စစ်​​ဆေးပြီး သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ လိုအပ်​ချက်​များကို ဖြည့်​ဆည်း ​ဆောင်​ရွက်​​ပေးသည်​။

ထို့​နောက်​ ဝန်​ကြီးချုပ်​နှင့်​ အဖွဲ့သည်​ ​မောင်​​တောမြို့ကို ​ရေ​ပေး​ဝေ​သည့်​ မြကန်​သာ ​ရေ​လှောင်​ကန် ​ဆောင်​ရွက်​​မှု  အ​ခြေအ​နေများကို ကြည့်​ရှုစစ်​​ဆေးပြီး ​သောက်​သုံး​ရေ သာမက စိုက်​ပျိုး​ရေပါ ဖြန့်​ဖြူး​ပေးနိုင်​ရန်​ လမ်းညွှန်​မှာကြားကာ ရွှေရင်​​အေး​ကျေးရွာတွင်​ ပြည်​နယ်​အစိုးရ အဖွဲ့မှ​ ထောက်​ပံ့ ထားသည့်​ လယ်​ထွန်​စက်​များဖြင့်​ လယ်​​မြေ ထွန်​ယက်​မှုနှင့်​ ​ကောက်​စိုက်​​နေမှု အ​ခြေအ​နေများကို ကြည့်​ရှု စစ်​​ဆေးသည်​။
ယင်းနောက်​ ဝန်​ကြီးချုပ်​နှင့်​ အဖွဲ့သည်​ အင်း​ချောင်း ​ကျေးရွာတွင်​ ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာန ​ရွေ့လျား​ ဆေးအဖွဲ့မှ ​ကျေးရွာသူ​ ကျေးရွာသားများအား ကျန်းမာ​ရေး​ စောင့်​​ရှောက်​မှု လုပ်​ငန်းများနှင့်​ ​ဆေးကုသ​ပေး​နေမှု လုပ်​ငန်းများကို ကြည့်​ရှု အား​ပေးသည်​။
ဆက်​လက်​၍ ဝန်​ကြီးချုပ်​နှင့်​ အဖွဲ့သည်​ ​မောရဝတီ​ကျေးရွာသို့ ​ရောက်​ရှိပြီး ရခိုင်​ပြည်​နယ်​အစိုးရ ​ထောက်​ပံ့​ငွေဖြင့်​ တိုင်းရင်းသား​ ကျေးရွာများ၌ တူး​ဖော်​ထားသည့်​ ​မောရဝတီ ငါး​မွေးကန်​၌ ​ရေချိုငါးမျိုး စိုက်​ထည့်​ပွဲ အခမ်းအနားသို့ တက်​​ရောက်​ကာ ငါးမျိုးများ စိုက်​ထည့်​​ပေးသည်​။
ထို့​နောက်​ ဝန်​ကြီးချုပ်​နှင့်​ အဖွဲ့သည်​ ​ကျောင်း​တောင်​ ကျေးရွာ အုပ်​စုတွင်​ ကျန်းမာ​ရေးနှင့်​အားကစား ဝန်​ကြီးဌာန ​ရွေ့လျား​ဆေး အဖွဲ့မှ ​ကျေးရွာသူ​ ကျေးရွာသား များအား ကျန်းမာ​ရေး​ စောင့်​​ရှောက်​မှု လုပ်​ငန်းများနှင့်​ ​ဆေးကုသ​ပေး​နေမှု လုပ်​ငန်းများကို ကြည့်​ရှုအား​​ပေးသည်​။
ယင်း​နောက်​ ဝန်​ကြီးချုပ်​နှင့်​ အဖွဲ့သည်​ ​ကျောက်​ပန္ဓု ​ကျေးရွာတွင်​ နယ်​စပ်​​ရေးရာ ဝန်​ကြီးဌာနမှ နယ်​စပ်​​ဒေသဖွံ့ဖြိုး​ရေး ရန်​ပုံ​ငွေဖြင့်​ တန်​ဖိုးနည်း ​နေအိမ်​ အလုံး ၁၀၀ တည်​​ဆောက်​​​နေမှု အ​ခြေအနေ များကို ကြည့်​ရှုစစ်​​ဆေးပြီး လိုအပ်​သည်​များကို ဖြည့်​ဆည်း ​ဆောင်​ရွက်​​ပေးသည်​။
မွန်းလွဲပိုင်းတွင် ဝန်​ကြီးချုပ်​နှင့်​ အဖွဲ့သည်​ အင်းဒင်​​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်း၌ ​အင်းဒင်​​ကျေးရွာ မီးလင်း​ရေးအတွက်​ ရပ်​ရွာလူထုထံ ဆိုလာပြား၊ အင်​​ဗာတာ၊ မီးသီး၊ မီး​ချောင်းများ ​ထောက်​ပံ့​ပေးအပ်​ပြီး ရပ်​ရွာလူထုနှင့်​​ တွေ့ဆုံကာ တင်​ပြချက်​များအ​ပေါ်​ ပေါင်းစပ်​ညှိနှိုင်း​ ဆောင်ရွက်​​ပေးသည်​။
သတင်းနှင့် ဓာတ်ပုံ- အေ၀မ်းစိုး၊ မျိုးသူဟိန်း

No comments:

Post a Comment