Tuesday, July 25, 2017

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၅၇/၄ နှင့် ၅ အကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

တံတားဦး ဇူလိုင် ၂၅
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယနေ့နံနက် (၈) နာရီအချိန်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၅၇/၄ နှင့် ၅ အကြား နေပြည်တော်မှမန္တလေးသို့ မောင်းနှင်သော မော်တော်ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသဖြင့် စကားအင်း အမြန်လမ်း ရဲစခန်းမှူး ရဲအုပ်သိန်းဗိုလ်နှင့် တပ်ဖွဲ့ဝင်များ၊ စကားအင်း အမြန်လမ်း မီးသတ်စခန်းမှူး ဟိန်းသတ်ဆွေနှင့်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော်မှ မန္တလေးသို့မောင်းနှင်လာသော ပျော်ဘွယ်မြို့နယ် ယင်းတော်ကျေးရွာနေ ယာဉ်မောင်း အောင်ကျော်မင်း (၃၂) နှစ်၊ (ဘ)ဦးဟာနစ် မောင်းနှင်လာသော 8K/- - - - FUSO အဖြူရောင်(၆)ဘီး ကုန်တင်ယာဉ်သည် မိုင်တိုင်အမှတ် ၃၅၇/၄ နှင့် ၅ အကြား အရောက်တွင် ၀ဲဘက်နောက်အတွင်းဘီး ပွင့်ထွက်သွားရာမှ ကွန်ကရစ်လမ်းလယ်တွင် ၀ဲဘက်သို့တိမ်းစောင်းမှောက် သွားခဲ့သည်။ အဆိုပါ ယာဉ်တိမ်းစောင်းမှောက်ရာတွင် ယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူကျား(၁)ဦး စုစုပေါင်း(၂)ဦးမှာ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာရရှိခြင်းမရှိဘဲ 8K/- - - - FUSO အဖြူရောင်(၆)ဘီး ကုန်တင်ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ၀ဲဘက်ဘေးတံခါးမှန်ကွဲ၊ ၀ဲဘက်နောက်ကြည့်မှန်ကွဲသွားခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ကျော်မင်းအား ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တာဝန်မှူး ဒုရဲအုပ်နန်းနန်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် စကားအင်း အမြန်လမ်းမကြီးရဲစခန်းတွင် ယာဉ်(ပ)၂၁/၂၀၁၇  ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)

No comments:

Post a Comment