Tuesday, July 25, 2017

ကံမမြို့တွင် မိုးရွာသွန်းမှုကြောင့် မြေကျွံပြီး မြေလျှောကျခြင်းဖြစ်ပေါ်



ကံမ  ဇူလိုင်  ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၁)ရပ်ကွက်၊ ကျောက်မှော်ဦးရပ်  ရွှေခရုတောက် ဘုရားတောင်ကုန်း၊ တောင်ဘက်စောင်းတန်း အရှေ့ဘက် ကျောက်စီမြေထိမ်းနံရံမှာ    အဆက်မပြတ်       မိုးရွာသွန်းမှုကြောင့် ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် မြေကျွံပြီး အက်ကွဲလျှောကျခြင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေလျှောကျခြင်းကြောင့် ကုန်းမြေပြိုကျနိုင်သည့်အတွက် ဘုရားကုန်းမြေ  အောက်ခြေတွင် ဆောက်လုပ် နေထိုင်ကြသည့် နေအိမ် ၄ လုံးမှ မိသားစုဝင် ၂၄ ဦးတို့အား ဘေးအန္တရာယ်မှ   ကြိုတင်ကာကွယ်သည့်အနေဖြင့် ရွှေခရုတောက် ဘုရားရင်ပြင်ပေါ်ရှိ ဓမ္မာရုံသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက   ယာယီပြောင်းရွှေ့ နေရာချထားပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ဇေယျဝင်း(ကံမ)

No comments:

Post a Comment