Thursday, July 27, 2017

အခြေခံပညာကျောင်းနှင့် ကျေးရွာများအရောက် ကွင်းဆင်း၍ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းလျက်ရှိ



နေပြည်တော်  ဇူလိုင်   ၂၆
ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာများသို့ အပတ်စဉ် အလှည့်ကျ ကွင်းဆင်း၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းလျက်ရှိရာ ဇူလိုင်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်၍  ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များကို ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ကွမ်းခြံစုကျေးရွာနှင့် ရွှေနံ့သာ အခြေခံပညာ အထက်တန်းကျောင်းသို့ အခမဲ့ သွားရောက် ငှားရမ်းခဲ့ကြကြောင်း သိရသည်။

အဆိုပါရွေ့လျားစာကြည့်တိုက်တွင် သုတ/ရသ စာအုပ်စာစောင်(၂ဝဝ)ကျော်ပါရှိပြီး ကျေးလက်နေ ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသ စာအုပ်များကို ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။ ငှားရမ်းပေးခဲ့သည့် စာအုပ်များကို ရက်သတ္တပတ် တစ်ပတ်(၂)ပတ်ပြည့်လျင် စာအုပ်အသစ်များဖြင့် လဲလှယ် ငှားရမ်း ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment