Tuesday, July 11, 2017

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ အိန္ဒိယနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ ပြတိုက်သို့ သွားရောက် လေ့လာ



နေပြည်တော် ဇူလိုင်  ၁၀
အိန္ဒိယသမ္မတနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အာမက်ဒါဘတ်မြို့၌ ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၉ ရက် ဒေသ စံတော်ချိန် ညနေ ၅ နာရီတွင် အိန္ဒိယနိုင်ငံ၏ အမျိုးသား ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ၏ ပြတိုက်သို့ သွားရောက် လေ့လာကြသည်။

ယင်းနောက် ညပိုင်းတွင် River Front သို့ သွားရောက်၍ အာမက်ဒါဘတ်မြို့လယ်တွင် ဖြတ်သန်း စီးဆင်းနေသည့် ဆာဘာမတ်တီမြစ်၏ ညအလှကို လေ့လာ ကြည့်ရှုကြသည်။  အာမက်ဒါဘတ်မြို့ အတွင်း ရှေးယခင်က မိုးတွင်း အချိန် ကာလများတွင် ဆာဘာမတ်တီမြစ် ရေလျှံလေ့ ရှိသော်လည်း ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ်မိုဒီ လက်ထက်တွင် ဆည်များ၊ ရေတမံများဖြင့် မြစ်ရေကို စနစ်တကျ ထိန်းသိမ်းခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုများ မဖြစ်ပွားတော့သည့် အပြင် မြစ်ကမ်းနံဘေး တစ်လျှောက် ဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာလှပရေး လုပ်ငန်းများအား ဆက်လက် ထိန်းသိမ်း ဆောင်ရွက် လာခဲ့ကြောင်းသိရှိရသည်။           
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အာမက်ဒါဘတ်မြို့ရှိ TATA Motors Sanand Plant သို့ ရောက်ရှိကြပြီး စက်ရုံအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှု အခြေအနေများကို လိုက်လံ ကြည့်ရှုကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Gujarat Energy Research Management InstituteSolar Plant သို့ ရောက်ရှိ လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းကြသည်။
ယင်း Solar Plant သည် ဧရိယာအားဖြင့် ၅ ဧကခန့်ရှိပြီး ဆိုလာပြား လေးထောင်ကျော် အသုံးပြု၍ နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင် ထုတ်ယူလျက် ရှိသည်။ နေရောင်ခြည်မှ လျှပ်စစ် စွမ်းအင် ထုတ်ယူရာတွင် ဘက်ထရီများဖြင့် တစ်ဆင့်ခံ စုဆောင်းခြင်း မဟုတ်ဘဲ နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင်ကို တိုက်ရိုက် မဟာဓါတ်အား လိုင်းအတွင်း ပေးပို့သည့် နည်းပညာ အသုံးပြု ထုတ်ယူနေခြင်း ဖြစ်ပြီး အိမ်ခြေ တစ်ထောင်ခန့် အသုံးပြုနိုင်သည့် လျှပ်စစ်စွမ်းအား ၁ မီဂါဝပ် ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂူဂျာရတ် ပြည်နယ် အတွင်းရှိ Anand မြို့သို့ သွားရောက်၍ Amul နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းသို့ သွားရောက် လေ့လာကြသည်။
Amul နို့ထွက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းသည် အိန္ဒိယ တစ်နိုင်ငံလုံး၌ စက်ရုံပေါင်း ၆၇ ရုံဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်၍ ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံ များစွာသို့ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလျက် ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment