Tuesday, July 11, 2017

ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကျင်းပ



နေပြည်တော် ဇူလိုင် ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖလား မိုးရာသီ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၀ဏ္ဏသိဒ္ဓိ အားကစား လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတို့မှ ဘောလုံးအသင်း များ ယှဉ်ပြိုင် ကစားကြသည်။

ပြိုင်ပွဲသို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာဖေမြင့်၊ ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးရုံး၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းတို့မှ တာဝန်ရှိသူများ၊ ၀န်ထမ်းများနှင့် မိသားစုများ တက်ရောက် အားပေးကြသည်။
ပြိုင်ပွဲတွင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဘောလုံးအသင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘောလုံးအသင်းကို  ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲ သွားပြီး ဆုပေးပွဲကို ဆက်လက် ကျင်းပရာ  ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပထမရရှိသော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အသင်းကို ဆုဖလားအား လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ငွေသားဆုအား လည်းကောင်း၊ ဒုတိယရရှိသော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအသင်းကို ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက လည်းကောင်း၊ တတိယဆု ရရှိသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အသင်းကို ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက လည်းကောင်း ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment