Tuesday, July 11, 2017

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကနေဒါ သံအမတ်ကြီးနှင့် တွေ့ဆုံ



နေပြည်တော် ဇူလိုင် ၁၀
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး H.E Mrs Karen MacArthur အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကိစ္စရပ်များအပေါ်  ရင်းနှီးပွင့်‌လင်းစွာ အမြင်ချင်းဖလှယ် ‌ဆွေး‌နွေးခဲ့‌ကြသည်‌။
(သတင်းစဉ်)

No comments:

Post a Comment