Monday, July 31, 2017

သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်





မိုးမိတ်     ဇူလိုင် ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် သဘာဝဘေးကာကွယ်စောင့်ရှောက်ကော်မတီက ကြီးကြပ်၍ သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲကို ဇူလိုင် ၃၁ ရက်က မြရည်နန္ဒာကန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သရုပ်ပြခြင်း အစီအစဉ်များအဖြစ်  ရာဘာဘုတ်ဖြင့် သရုပ်ပြခြင်း ၊ ရေသန့်ဘူး ခွံများဖြင့် သရုပ်ပြခြင်း  ၊ ကိုက် (၁ဝဝ) ကြိုးဖြင့် သရုပ်ပြခြင်း ၊  ရေကြီးနစ်မြုပ်ရာ ဒေသသို့ အချိန်မီ ရောက်ရှိ ကယ်ဆယ်ခြင်း ၊ရေဘေးသင့် ဒေသမှ ပြည်သူများအား ရေဘေး ကင်းလွတ်ရာ ဒေသတို့ ပို့ဆောင် ရွှေ့ပြောင်းခြင်း ၊ ရေနစ်သူများအား ရှာဖွေကယ်ဆယ်ခြင်း ၊ အသက်ကယ်နည်းစနစ်များ အသုံးပြု၍ ကယ်တင်ခြင်း ၊ ကြက်ခြေနီ မောင်မယ်များက ရှေးဦးပြုစုခြင်း ၊ လူနာတင်ယာဉ်ဖြင့် နီးစပ်ရာ ဆေးရုံးသို့ ပို့ဆောင်ပေးခြင်း ၊ ရေဘေးလွတ်လာသူများအား ယာယီကယ်ဆယ်ရေးစခန်းသို့ ပို့ဆောင်ခြင်း ၊ ကယ်ဆယ်ရေး သမားများက ရေကူး စွမ်းရည်ပြသခြင်းတို့ကို ဇာတ်တိုက် သရုပ်ပြ လေ့ကျင်ခဲ့ကြသည်။ လေ့ကျင့်ရာတွင် မိုးမိတ်ခရိုင် မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာဝန်ထမ်းများလည်း ပူးပေါင်းပါဝင်ဆာင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment