Monday, July 31, 2017

A { H1N1 } လူတုပ်​​ကွေး​ရောဂါ လက်​ရှိအ​ခြေအ​နေအား အသိ​ပေးရှင်းလင်းပွဲ ပုသိမ်​မြို့တွင်​ကျင်းပ

ပုသိမ် ဇူလိုင် ၃၁
ဧရာဝတီတိုင်ဒေသကြီး ပုသိမ်မြို့တွင် A {H1N1} လူတုပ်​​ကွေးရောဂါ လက်ရှိအခြေအနေအား ရှင်းလင်းအသိပေးပွဲကို ယနေ့နံနက်က တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ၀န်ကြီးချုပ် ဦးမန်​​ဂျော်နီ တက်​​ရောက်၍ အဖွင့် အမှာစကားပြောကြားသည်

ဆက်လက်၍ တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က လူတုပ်​​ကွေးကပ်​​ရောဂါကူးစက်ပုံ၊ရောဂါ လက္ခဏာများ၊ မဟာဗျူဟာများ၊ သံသယလူနာနှင့်ပတ်သက်စောင့်ကြည့်ခြင်း၊ ကုသမှုပေးခြင်းများ၊ တုပ်​​ကွေးလက္ခဏာ ပြသောရောဂါ၊ဆေးရုံနှင့်ကျန်းမာရေးဌာန ပြင်ပ၌ရောဂါကာကွယ်ထိန်းချုပ်ခြင်း၊ သတင်းထုတ်ပြန်ခြင်းနှင့် ကျန်းမာရေးအသိ ပညာပေးခြင်း၊ နှီးနွှယ်ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်ဆောင်ရွက်ခြင်းများ၊ ပုဂ္ဂလိကအထွေထွေဆေးကုခန်း၊ ဆေးရုံများ၌ လူနာများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခြင်း၊ ကိုယ်ဝန်​​ဆောင်များ၊ အသက် ၂၅  နှစ်​​အောက်၊ အသက်၆၅ နှစ်အထက်အရွယ်ရှိသူများ ယခုရောဂါကို သတိထားသင်ကြောင်ပြောကြားသည်
နောက် တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နှင်ရေးဌာနမှ လက်​​ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သံလွင်အောင်က  Global  and  Myanmar   Current   Situation  of Influenza   Surveillence   and Response   to   Seasonal Influenxa   A(H1N1) pdm  ( 2009 )၊ ပုသိမ်မြို့အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီး ဒေါက်တာ နီလာထွန်း က Influenza  and Infection   Control တို့အားဆွေးနွေးတင်ပြကြသည်။ ထိုနောက်ခမ်းအနားသို့ တက်​​ရောက်လာကြသူများနှင့် ပုသိမ်ခြေစိုက်သတင်းသမားများက သိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများကဖြေကြားခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမန်​​ဂျော်နီ နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာများ၊ တိုင်ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်နှင့် အထူးကုဆရာကြီး၊ ဆရာမကြီး များ၊ ခရိုင်၊ မြို့နယ်များမှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲများ၊ အရပ်ဖက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိများတက်​​ရောက်ခဲ့ကြပြီး၊ တိုင်ဒေသကြီးအတွင်းလက်ရှိရောဂါ ဖြစ်ပွားမှုအခြေအနေမှာ (၁-၇-၂၀၁၇) မှ (၃၀-၇-၂၀၁၇) ရက်​​နေ့ထိ Severe  Acute  Respiratory Infection   (၄၀၆ )ဦး၊ ဓာတ်ခွဲနမူနာပေးပို့သူ ( ၁၃ )ဦး၊ A(H1N1) pdm09 အတည်ပြုသူ (၁၃ )ဦး နှင်သေဆုံးသူ (၆) ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာနမှ သိရသည်

(မြို့နယ် ပြန်ဆက်)

No comments:

Post a Comment