Wednesday, July 5, 2017

နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ

နေပြည်တော် ဇူလိုင် ၅
နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Borge Brende ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ည ၇ နာရီတွင် နေပြည်တော်သို့ လေကြောင်းခရီး ဖြင့်ရောက်ရှိသည်။

နော်ဝေနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Mrs. Tone Tinnes နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။

(သတင်းစဉ်)

No comments:

Post a Comment