Thursday, July 20, 2017

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ် မြေဖုံးလွှမ်းမှု ဖြစ်ပွားခဲ့



 ရေး   ဇူလိုင်   ၂၀
ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု ကိုးမိုင်-ပေါက်ပင်ကွင်းရထားလမ်းပိုင် မိုင်တိုင် ၂၈၁/၂၂-၂၃ အကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၁၉ ရက် ညနေ(၄)နာရီတွင် တောင်ပြိုမှု ဖြစ်ပွားခဲ့ရာ ရထားသံလမ်းပေါ်သို့ အလျား(၂၁) ပေ ၊ အမြင့်(၆)ပေခန့် မြေကြီးများ ဖုံးလွှမ်းခဲ့ရာ ရေးမြို့နယ်မှ ထားဝယ်သို့ ထွက်ခွာသွားသော ရန်ကုန်-ထားဝယ် ၁၇၅ အဆန်ရထားသည် ဆက်လက်ထွက်ခွာ၍ မရသဖြင့် ကိုးမိုင်ဘူတာသို့ ပြန်လှည့်ခဲ့ရသည်။ 

အဆိုပါနေရာသို့ သံလမ်းအင်ဂျင်နီယာ(၂) ဦးဝင်းမင်းထွန်း ဦးစီးသော သံလမ်းလုပ်သားများ၊ ကိုးမိုင်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်(၂၀) ဦးတို့ သွားရောက်ကူညီရှင်းလင်းဖယ်ရှားပေးကာ ည(၁၁)နာရီတွင် ထားဝယ်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment