Thursday, July 20, 2017

စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာန (CICC) ရုံး ရွှေဘိုမြို့၌ ဖွင့်လှစ်



ရွှေဘို၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးဌာန (Consumer Information And Complaint Center) ရုံးဖွင့်ပွဲကို အမှတ်(၃) ရပ်ကွက်၊ စည်ပင်သာယာ ဈေးကြီးမြောက်ဘက်ရှိ၊ (L) ပုံသဏ္ဍာန်ရှေ့ အဆောက်အဦတွင် ဇူလိုင်လ ၂၀ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ကအမှာစကားပြောကြားပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်ငွေက ဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရန်၊ ရည်မှန်းချက်ဖြစ်သော စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးဆောင်ရွက်ရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စီမံခန့်ခွဲမှုနှင့် သုတေသနလုံခြုံရေး လုပ်ငန်းများဆောင်ရွက်ရန်နှင့် ရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြသည်။
အဆိုပါရုံးဖွင့်လှစ်ခြင်းဖြင့် စားသုံးသူတွေ အခွင့်အရေး ရရှိပြီး အခွင့်အရေးတွေကို သိရှိအသုံးချခြင်းအားဖြင့် မိမိပေးလိုက်ရသည့် တန်းဖိုးနှင့်ညီမျှသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို အရည်အသွေးပြည့်ပြည့်ဝဝ ရရှိစေမည်ဖြစ်ကြောင်း စားသုံးသူတွေဝယ်ယူသုံးစွဲကြသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအပေါ် ယုံကြည်စိတ်ချရမှု ပိုရှိလာခြင်းဖြင့် စီးပွားရေး အခြေအနေပေး သလောက် ဝယ်ယူသုံးစွဲလာကြမည်ဖြစ်ရာ ယှဉ်ပြိုင်စွမ်းအား မြင့်လာပြီး ထုတ်လုပ်သူနှင့်ဝန်ဆောင်မှုလုပ်ငန်းရှင်များအတွက်လည်း ပိုမိုအကျိုးဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးထံ၏ ပြောကြားချက်အရ  သိရသည်။
(ခင်ဦးစိုးဝေ)

No comments:

Post a Comment