Tuesday, June 27, 2017

Y-8 လေယာဉ်၏ ကိုယ်ထည်အစိတ်အပိုင်းများ ထပ်မံဆယ်ယူရရှိ



နေပြည်တော် ဇွန် ၂၇
တပ်မတော် (ရေ) မှ စစ်ရေယာဉ်များ၊ ကျွမ်းကျင်ရေငုပ်စစ်သည်များ၊ ဒေသခံ ငါးဖမ်း စက်လှေများ ပူးပေါင်း၍ ပျက်ကျခဲ့သော Y-8 လေယာဉ်၏ ကျန်ရှိအစိတ် အပိုင်းများ ထပ်မံ ဆယ်ယူရရှိရေး အတွက် လေယာဉ်အမြီးပိုင်း တွေ့ရှိသည့်နေရာ အနီးတစ်ဝိုက် ပင်လယ်ပြင်အတွင်း ရှာဖွေရေး လုပ်ငန်းများကို ယနေ့တွင် ရာသီဥတု ဆိုးရွားနေ သော်လည်း ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


ထိုသို့ ရှာဖွေစဉ် တပ်မတော် (ရေ) မှ ဆိုနာ စနစ်ဖြင့် ရှာဖွေတွေ့ရှိသော နေရာများသို့ ဒေသခံ ငါးဖမ်းစက်လှေများက သွားရောက် ရှာဖွေရာ ယနေ့ ညနေပိုင်းတွင် လေယာဉ် ကိုယ်ထည် အလူမီနီယံ အစိတ်အပိုင်းများအား ထပ်မံ ဆယ်ယူ ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။ 

 (သတင်းစဉ်)

No comments:

Post a Comment