Tuesday, June 27, 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ပထမနှစ်ဝက်) ကျောင်းပြင်ပ မူလတန်းပညာရေး ဇုန်အဆင့် (ရန်ကုန်ဇုန်) နည်းပြသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ


ရန်ကုန် ဇွန် ၂၇
 
၂၀၁၇-၂၀၁၈ ပညာသင်နှစ် (ပထမနှစ်ဝက်) ကျောင်းပြင်ပ မူလတန်းပညာရေး ဇုန် အဆင့် (ရန်ကုန်ဇုန်) နည်းပြ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန် မြို့ ကမာရွတ်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ကမာရွတ်) ရှိ သိင်္ဂီမြိုင် ခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် သင်တန်းတာဝန်ခံ ဆရာကြီး ဦးအောင်စိုးက ကျောင်းပြင်ပ မူလတန်း ပညာရေး၊ ဇုန်အဆင့် နည်းပြသင်တန်း အကဲဖြတ်ခြင်းနှင့် သင်တန်းဆုံး စစ်ဆေးခြင်း အခြေ အနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာတင်ညိုနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်တို့က သင်တန်းထူးချွန်ဆု ရှိကြသည့် သင်တန်းသား များအား ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်ကြပြီး ဆုရရှိကြသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာန ဥက္ကဋ္ဌ ဆရာကြီး ဒေါက်တာသန်းဦးနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန့်စင်တို့က သင်တန်းဆင်း အမှာစကား ပြောကြားကြသည်။

အဆိုပါ နည်းပြသင်တန်းသို့ သင်တန်းသား သင်တန်းသူ (၁၅၃)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ဇွန်လ (၁၉) ရက်နေ့မှ ဇွန်လ (၂၇) ရက်နေ့အထိ (၉) ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ကြောင်း သိရသည်။ 

 (ပညာရေး)

No comments:

Post a Comment