Wednesday, June 28, 2017

လားရှိုး၌ ၂၀၁၇ခုနှစ် World Tree Day နေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ



လားရှိုး   ဇွန်   ၂၈
၂၀၁၇ ခုနှစ် World Tree Day အထိမ်းအမှတ်နေ့ သစ်ပင်စိုက်ပျိုးပွဲကို လားရှိုးမြို့ ၊ ထင်းရှူးတောင်ဧရိယာ၌ ဇွန်လ ၂၈ ရက် နံနက် ၈ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သစ်ပင်စိုက်ပျိုးပွဲ၌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်သန်း၊ သစ်တာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းကြည်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသန့်ဇင်တို့က ပျိုးပင်များကို ဖြန့်ဝေပေးရာ လားရှိုးစည်ပင်သာယာရေးဌာန၊ မေတ္တာရင်ခွင် စာသင်ကျောင်း၊ ရပ်မိရပ်ဖအသင်းအဖွဲ့တို့မှ လက်ခံရယူခဲ့ကြသည်။
ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တက်ရောက်လာကြသော လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ CSO,NGO,INGO များက ထင်းရှူး၊ ခါတော်မီ၊ ရေသင်းဝင်၊ မယ်ဇလီ၊ ယူကလစ်၊ ပိတောက်အစရှိသော ပျိုးပင်(၁၀၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ သစ်ပင်စိုက်ပျိုးပွဲကို လားရှိုးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)

No comments:

Post a Comment