နေပြည်တော်
ဇွန် ၁၅
ပြန်ကြားရေးဝန်ကြီးဌာနနှင့်
ယူနက်စကို (UNESCO) တို့ ပူးပေါင်း စီစဉ်ကျင်းပသည့် Dialogues on Freedom of
Expression Issues Focus on Public Service Broadcasting နှင့် ပတ်သက်သည့် ဆွေးနွေးပွဲကို
ယနေ့မွန်းလွဲ (၁) နာရီခွဲတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင်
မြန်မာ့ရုပ်မြင်သံကြားမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးဝင်းကြည် နှင့် ယူနက်စကို မြန်မာမှ Media Devemlopment
Expert Mikel Agurri Idiaquez တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက်
ယူနက်စကို မြန်မာမှ အကြံပေး Romon R. Tuazon က ပြည်သူ့ ၀န်ဆောင်မှု မီဒီယာနှင့် စပ်လျဉ်းသည့်
အကြောင်းအရာများကို လည်းကောင်း၊ Australi -an Broadcasting Corporationr
International Development မှ တာဝန်ရှိ သူတစ်ဦးက မြန်မာနိုင်ငံ၌ စတင် ဆောင်ရွက်မည့်
ပြည်သူ့ဝန်ဆောင်မှု မီဒီယာ လုပ်ငန်းစဉ်အပေါ် အကြံပြုချက်များကို လည်းကောင်း၊ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ဦးဇေယျာက ပြည်သူ့ဝန်ဆောင်မှု ရုပ်မြင်သံကြား ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးကြသည်။
ယင်းနောက်
တက်ရောက်လာကြသူများက မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ပြည်သူ့ မီဒီယာတစ်ရပ် ဖြစ်ပေါ်လာစေရေးအတွက်
အကြံပြုဆွေးနွေးကြသည်။
ယနေ့
ဆွေးနွေးပွဲကို ပြည်သူ့ကိုယ်စားပြုသည့် မီဒီယာတစ်ရပ် ပြည့်ပြည့်၀၀ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး
မြန်မာနိုင်ငံတွင် မီဒီယာပြုပြင် ပြောင်းလဲမှု
လုပ်ငန်းများကို ၂၁၀၂ခုနှစ်မှ စဉ်ဆက်မပြတ် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ အမှန်တကယ် ပြည်သူများ
ကိုယ်စားပြုသည့် မီဒီယာ တစ်ရပ်ပေါ်ထွက်လာရန် လိုအပ်ကြောင်း၊ ပြည်သူ့ဝန်ဆောင်မှု ရုပ်မြင်သံကြားအဖြစ်
ပြောင်းလဲရာတွင် ကျွမ်းကျင်မှုရှိသည့် အရည်အချင်း ပြည့်ဝသော ၀န်ထမ်းများ လိုအပ်ပြီး
တိုးတက်လာသည့် နည်းပညာ များကို လိုက်နိုင်ရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင်
မီဒီယာလွတ်လပ် ခွင့်ရှိပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် မီဒီယာတစ်ရပ် ပေါ်ထွက်လာရေးအတွက်
ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေး ပြောကြားကြသည်။
ယနေ့
ဆွေးနွေးပွဲသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများနှင့်
ယူနက်စကိုမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
(သတင်းစဉ်)
No comments:
Post a Comment