Thursday, June 15, 2017

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးဖြစ်သူ H. E. Mr. VikramMisri နှင့် တွေ့ဆုံ


နေပြည်တော် ဇွန် ၁၅
 
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးဖြစ်သူ H. E. Mr. VikramMisriနှင့် ယနေ့နံနက် ၉နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် စွမ်းအင်ကို ထိရောက်အကျိုးရှိစွာ အသုံးပြုရေး အစီအစဉ်အရ LED, Solar နှင့် Vocational Training ကျောင်းများ တိုးချဲ့ဖွင့်လှစ်ရန်အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမည့် ရှေ့ပြေး စီမံကိန်း (Pilot Project) များ အမြန် အကောင်အထည်ဖော်ရေး၊ အိန္ဒိယနိုင်ငံ၏ အထောက် အပံ့ဖြင့် ဆောင်ရွက်ခဲ့သော စက်မှု သင်တန်းကျောင်း (မြင်းခြံ) နှင့် (ပခုက္ကူ) အားသင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့ရေးနှင့် ဘက်ပေါင်းစုံပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးရေး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း Multi - ModelIndustrial Complex ထူထောင်ရေး ကိစ္စရပ်များ၊ အမျိုးသား အဆင့် စံချိန်စံညွှန်း သတ်မှတ်ရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေး၊ SolarPannel ထုတ်လုပ်မှုလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ Indian Technical& Economic Cooperation (ITEC) အစီအစဉ်အရ ဆောင်ရွက်မည့် ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် နိုင်ငံပိုင် စက်ရုံအချို့အား ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကဏ္ဍတွင် အိန္ဒိယ လုပ်ငန်းရှင်များမှ ပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  

 (သတင်းစဉ်)

No comments:

Post a Comment