ကော့သောင်း ဇွန်
၆
(TSDP)
အစီအစဉ်အရ ကျင်းပသည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက်
အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇွန်လ ၅ ရက်နေ့ ညနေပိုင်းက
ကော့သောင်းမြို့ ခရိုင် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မေလ
၃၁ ရက်နေ့ မှ စတင်ကာ ပြိုင်ပွဲဝင်အသင်း(၁၂)သင်းမှ ပတ်လည်ယှဉ်ပြိုင်ခဲ့ကြသည့် အသက်(၂၅)နှစ်အောက်
အလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲမှ ဗိုလ်လုပွဲ တက်ရောက်လာသည့် ဒိုင်းနမိုင်းအသင်းနှင့်
စကော်ပီယံအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ စကော်ပီယံအသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရ
ဗိုလ်ဆွဲခဲ့ကြောင်း သိရသည်။ ယင်းနောက်ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ ကော့သောင်းမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းနှင့် တာဝန်ရှိသူများက ပထမ ၊ ဒုတိယ နှင့် အကောင်းဆုံးအားကစားသမားဆု ရရှိသူများအား
ဆုလည်ဆွဲ ၊ ဆုဖလား နှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စိုး
(ကော့သောင်း)
No comments:
Post a Comment