မြစ်သား ဇွန် ၆
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေနှင့် ကုသရေး ဦးစီးဌာနနှင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) တို့ ပူးပေါင်း၍ နယူးဇီလန် အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့်
ဒုတိယအကြိမ် ကျွဲနွားတိရိစ္ဆာန်ခွာနာလျှာနာ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံခြင်းကို ဇွန် ၄ ရက်နေ့မှ ဇွန် ၁၄ ရက် အထိ စီမံချက်များ
ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်
မြစ်သားမြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးကျေးရွာအုပ်စု ၃၇ အုပ်စုနှင့်
ကျေးရွာပေါင်း ၉၄ ရွာတို့မှ ကျွဲနွား
တိရိစ္ဆာန်များအား ခွာနာလျှာနာ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံခြင်းကို
သတ်မှတ်ရက်အတွင်း ပြီးမြောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်လင်းက ပြောကြားချက်အရ သိရသည်။
ရဲဝင်းထွန်း(မြစ်သား)
No comments:
Post a Comment