Tuesday, June 6, 2017

ပြည်ကြီးမဏ္ဍိုင်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သင်တန်း ဖွင့်လှစ်

ပြည်ကြီးမဏ္ဍိုင်  ဇွန်      
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI) တို့က ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၈ ရက် နေ့အထိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းကို ဖွင့်လှစ်ပေးမည့်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းကို အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI)မှ တာဝန်ခံ ဗြိတိန်နိုင်ငံသား(၃) ဦး နှင့် ထိုင်းနိုင်ငံသား(၁) ဦးတို့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆိုင်ရာများ၊ သစ်တောထိန်းသိမ်းနည်း တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ခြင်းများ၊ နေထိုင်စားသောက်ခြင်းများ၊ တောတွင်းမြေပုံကြမ်းရေးဆွဲခြင်း၊ ကြိုးချည်ကြိုးထိုးနည်းများ၊ ရှေးဦးသူနာပြုစုနည်း ဘာသာရပ်အားလုံးတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူ(၅၇) ဦးက တက်ရောက် သင်ကြားလျက်ရှိကြောင်း သတင်းရရှိသည်။


ပြည်ကြီးမဏ္ဍိုင် (ပြန်/ဆက်)

No comments:

Post a Comment