Thursday, June 22, 2017

ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် Singapore, ACE PressureweldInt’t (Pre) Ltd., ၏ Business Development Director Ms. Doreen Tay နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၂၂
ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် Singapore, ACE PressureweldInt’t (Pre) Ltd., ၏ Business Development Director Ms.DoreenTay နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံရေးရာ အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစိုးရပညာသင်ကျောင်းများတွင် ကျန်းမာရေးနှင့် ညီညွတ်သည့် အစာအာဟာရ ထောက်ပံ့ကျွေးမွေးမည့် စီမံကိန်းအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment