Friday, June 30, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် Mr. Yukiya Amano အား လက်ခံတွေ့ဆုံ



နေပြည်တော် ဇွန် ၂၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (International Atomic Energy Agency- IAEA) ညွှန်ကြားရေးမှူးချုပ် Mr. Yukiya Amano အား ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် IAEA မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အဏုမြူ နည်းပညာကို ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးဏ္ဍ၊ ရေအရင်းအမြစ် ကဏ္ဍတို့တွင် အသုံးချခြင်းမှ တစ်ဆင့် လူသား ကောင်းကျိုးကို ဖော်ဆောင်နိုင်မှု၊ မြန်မာနိုင်ငံနှင့် IAEA တို့အကြား ပူးပေါင်း ဆောင်ရွက်မှုတို့နှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment