ကံမ ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊
သရက်ခရိုင်၊ ကံမမြို့နယ် ပွတ်စုကျေးရွာ တောင်သူ
ဦးမြင့်ကြည်၏ ၃ ဧကရှိသော ကွင်းအမှတ် ၁၆၅(ခ)တွင်
နွေစပါးယှဉ်ပြိုင်စမ်းသပ်စိုက်ကွက် ရိတ်သိမ်းပွဲကို ဇွန် ၂၉ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ
မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်
ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစမ်းသပ်စိုက်ကွက်မှာ
သက်တမ်း ၁၂၀ ရက်ရှိသော ရတနာတိုး မျိုးစပါးကို
စိုက်ပျိုးနည်း စနစ် ၄ မျိုးဖြင့် ယှဉ်ပြိုင်
စမ်းသပ်စိုက်ပျိုးခဲ့ခြင်း ဖြစ်ပြီး SRI စိုက်နည်းစနစ်မှာ အခြား စိုက်ပျိုးနည်းစနစ်များထက်
အထွက်နှုန်း ပိုမိုထွက်ရှိ၍ တစ်ဧကလျှင် ၁၂၇ တင်း ထွက်ရှိကြောင်း၊ စိုက်ပျိုးနည်းစနစ်များ၏လုပ်ငန်းစဉ်နှင့်
အကျိုးကျေးဇူးများကို သိရှိ၍ တောင်သူလယ်သမားများ အနေဖြင့် စိုက်ပျိုးရေးနည်းပညာများ
ပိုမိုတိုးတက်မြင့်မားလာပြီး မိမိတို့ရေမြေဒေသနှင့် ကိုက်ညီသည့် အထွက်တိုး စိုက်ပျိုးနည်းစနစ်ကို
ရွေးချယ်စိုက်ပျိုးတတ်စေရန်ရည်ရွယ်ချက်ဖြင့် ယှဉ်ပြိုင်စိုက်ပျိုး၍ ပြသရခြင်းဖြစ်ကြောင်း
စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးဇော်မင်းနိုင်၏ ပြောကြားချက်အရ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)
No comments:
Post a Comment