Thursday, June 15, 2017

မိုင်းဖြတ်၌ အစားထိုးသီးနှံမျိုးစေ့နှင့် နှစ်ရှည်ပျိုးပင်များ ပေးအပ်ပွဲကျင်းပ



မိုင်းဖြတ်  ဇွန်  ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍  ကျေးရွာနေ ပြည်သူများ  ဈေးကွက်ဝင်  အစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက် ရရှိစေပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ  အစားထိုးသီးနှံမျိုးစေ့နှင့် နှစ်ရှည်ပျိုးပင်များ ပေးအပ်ပွဲကို  ယနေ့   ဇွန်လ ၁၅ရက် ၊  နံနက် ၉နာရီ  ၃၀ မိနစ်က    အဆိုပါ ဦးစီးဌာနရုံးရှိ   အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။              
 
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်က မျိုးစေ့နှင့်ပျိုးပင်များ ပေးအပ်ရခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက  မိုင်းတင်းကျေးရွာအုပ်စု၊ လန်းဆတ်ကျေးရွာအုပ်စု၊ ဟွေရှိုကျေးရွာ အုပ်စု၊ နမ့်ပန်ကျေးရွာ အုပ်စုများအတွက် ပုလဲသွယ်စပါးမျိုးစေ့(၇၀၀)ကီလို၊ အစေ့ထုတ်ပြောင်း (၁၂၅) ကီလို၊ ကော်ဖီပျိုးပင် (၃)ဧက စာအတွက်  နှစ်ရှည်ပျိုးပင် (၄၈၀၀)ပင်၊ ကြယ်ပဲပျိုးပင် (၂)ဧက စာအတွက် ၁၆၀၀ ပင် တို့အား ပေးအပ်ပြီး၊  စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။       
မြို့နယ် ပြန်/ဆက်

No comments:

Post a Comment