Saturday, June 24, 2017

သထုံ-ဘားအံ ကားလမ်းပေါ်တွင် GI Group ခရီးသည်တင်မှန်လုံယာဉ် လမ်းချော်တိမ်းမှောက်



သထုံ     ဇွန်    ၂၄
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်၊ သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဇွန်လ ၂၄ ရက်၊ နံနက်က GI Group ရန်ကုန်-မြ၀တီ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ပြီး ခရီးသည်အချို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သထုံဘက်မှ ဘားအံဘက်သို့ ယာဉ်မောင်း ဦးကျော်တင် (၅၅)နှစ်၊ (ဘ) ဦးစိုးရှိန်၊ ဥဿာမြို့သစ်၊ ပဲခူးမြို့နေသူ မောင်းနှင်ပြီး ခရီးသည် ၂၆ ဦး တင်ဆောင်လာသည့် ယာဉ်အမှတ် 8L/ ----, GI Group ရန်ကုန်-မြ၀တီ ခရီးသည်တင်မှန်လုံယာဉ်သည် သုဓမ္မ၀တီမြို့သစ်၊ သဇင်လမ်းထိပ် အနီး၊ ရန်ကုန်-ဘားအံ ကားလမ်း၊ မိုင်တိုင်အမှတ် ၂/၄ နှင့် ၂/၅ အကြားတွင် လမ်းချော်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည်အချို့တို့မှာ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ် ယာဉ်မဆင်မောင်းနှင်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ကာ လူထိခိုက် ဒဏ်ရာရခဲ့သဖြင့် မှန်လုံယာဉ်မောင်း ဦးကျော်တင်အား သုဓမ္မ၀တီမြို့သစ်ရဲစခန်းမှ ယာဉ်(ပ) ၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
သက်ဦး(သထုံ)

No comments:

Post a Comment