Saturday, June 24, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ



ဖလမ်း        ဇွန်          ၂၄
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး ပြည်သူ့ စာကြည်တိုက်၌ ကျင်းပရာ ဖလမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/သူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို နေ့လည် ၁၂ နာရီက ဆက်လက် ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးရှိန်းတမ်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်တတ်သော ဆိုးကျိုးများကို ဟောပြော ဆွေးနွေးသည်။ ထို့နောက် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများကို ခရိုင်ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး ဦးဟရန်အဲရ်တို့က ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် Community Center ခန်းမ၌ ခင်းကျင်းပြသထားသော စာအုပ်များ၊ မူးယစ်ဆေးဝါးဆိုင်ရာ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်

No comments:

Post a Comment