Monday, June 12, 2017

သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Communication For Development သင်တန်း ဖွင့်လှစ်

မန္တလေး   ဇွန်   ၁၂
ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နည်းပညာအရ ဆက်သွယ်မှုဆိုင်ရာများ ပိုမိုထိရောက် ကျွမ်းကျင်လာစေရန် ရည်ရွယ်၍ MBAPF ၊ UNESCO ၊ LIFT နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  Communication For Development သင်တန်းကို မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ရှိ ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း၌ ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများမှ ICT ဘာသာရပ်၊ သတင်းရေးသားခြင်း၊ ဆက်သွယ်ရေးမှူးကောင်းဘာသာရပ်၊ Web Search / Mobile ၊ Onile Ethics, Safety and Security ဘာသာရပ်၊ Greenway Mobile Application ဘာသာရပ်နှင့် Communication Tool ဘာသာရပ် အစရှိသော ဘာသာရပ်များအား အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းသို့ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မလှိုင်၊ စဉ့်ကူး၊ နွားထိုးကြီး၊ တောင်သာ၊ မတ္တရာ၊ သပိတ်ကျင်း၊ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မိုင်းခတ် အစရှိသောမြို့များ သင်တန်းသား/သူ စုစုပေါင်း(၂၄)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ (ဇွန် ၁၂ ရက် မှ ဇွန် ၁၄ ရက် ထိ) (၃) ရက်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment