Monday, June 12, 2017

ခေါဇာတွင် မိုဘိုင်းလ်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ခေါဇာ ဇွန် ၁၂
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်အများ ပြည်သူစာပေဖတ်ရှုခြင်း အလေ့အထတိုးပွားလာကာ စာဖတ်ရှိန်မြင့်မားလာစေရန် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အသွင်ဖြင့်စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့ ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများက မိုဘိုင်းလ်စာကြည့်တိုက်အသွင်ဖြင့် စာအုပ်စာပေများ
ငှားရမ်းဖတ်ရှုစေခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျှက်ရှိရာ ဇွန် ၁၂ ရက်က ခေါဇာမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ သွားရောက်ကာ သုတ/ရသ၊ဝတ္တူနှင့် လစဉ်ထုတ်မဂ္ဂဇင်းစာအုပ်များ ယူဆောင်၍ ရက်သတ္တပတ်တစ်ပတ် ငှားရမ်းဖတ်ရှုနိုင်ရန် အတွက်ကွင်းဆင်း ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment