Monday, June 12, 2017

မြို့သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းပိတ်ဆို့မှုများ ရှင်းလင်းခြင်းနှင့် အသစ်တူးဖော်ခြင်းများ ဆောင်ရွက်

ကနီ    ဇွန်    ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မိုးဦးကာလ မေလအတွင်းက လေပြင်းများ တိုတ်ခတ်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် ရေမြောင်းများ ပိတ်ဆို့ခဲ့ခြင်းကြောင့်  မြို့သန့်ရှင်းသာယာရေးအတွက် ရေမြောင်းပိတ်ဆို့မှုများ ရှင်းလင်းခြင်းနှင့် အသစ်တူးဖော်ခြင်း လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"အခုလို ရေမြောင်းများ အသစ်တူးဖော်ခြင်း၊ ပိတ်ဆို့နေသော ရေမြောင်းများကို ပြန်လည်တူးဖော်ဆောင်ရွက်ရခြင်းမှာ ကျွန်တော်တို့မြို့ကလေးရဲ့ အနောကဘက်တောင်တန်းများမှ စီးဆင်းလာသော ရေများက အချို့နေရာများတွင် မြောင်းတွေကတစ်ဆင့် စီးဆင်းသွားပေမယ့် အချို့နေရာတွေကြတော့ ရပ်ကွက်တွေထဲမှ ရေ၀ပ်နေပါတယ်။ ဒီလိုရေ၀ပ်မှုကြောင့် မိုးရွာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားရောဂါများ ဖြစ်ပွားခြင်းမှ  ကာကွယ်နိုင်ရန်နှင့် မြို့သန်ရှင်းသာယာရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းအဟောင်းများ ရေစီးရေလာကောင်းမွန်ရေးနှင့် အသစ်တူးဖော်ခြင်းများကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်" ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၂)ရပ်ကွက်မှ ရေမြောင်းများနှင့် မြို့လယ်လမ်းမကြီးဘေးရှိ ရေမြောင်းများကို စတင် တူးဖော်လျက်ရှိကြောင်း သတင်းရရှိသည်။

သန်းဌေးအောင်(ကနီ)

No comments:

Post a Comment