Saturday, June 3, 2017

ဘိုးဘွားရိပ်သာ စိမ်းလန်းစိုပြည်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်

ဘားအံ ဇွန် ၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ငြိမ်းချမ်းသာယာကျေးရွာ ဘိုးဘွားရိပ်သာဝင်းအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် ၇ နာရီအချိန်က ကျင်းပရာ ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ၀န်ထမ်းများတက်ရောက်၍ စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကန့်ကော်၊ ခရေ၊ ကလမဲ့ စုစုပေါင်း (၄၆) ပင်အား ဘိုးဘွားရိပ်သာ စိမ်းလန်းစိုပြေရေးအတွက် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က သစ်ပင်များအား စိုက်ပျိုးပေးခဲ့ကြကာ  စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအား လှည့်လှည်ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment