Saturday, June 3, 2017

လူထုဗဟိုပြု စီမံကိန်းဖြင့်ဆောင်ရွက်သော ကျေးရွာတွင်းကျောက်ချောလမ်းသစ်ဖွင့်ပွဲကျင်းပ

ပျော်ဘွယ် ဇွန် ၃
ပျော်ဘွယ်မြို့နယ်ရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ တည်လေးပင်ကျေးရွာအုပ်စု၊ အိုင်တိုရွာသစ်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကျောက်ချောလမ်းဖွင့်ပွဲကို ဇွန်လ(၃)ရက်၊ နံနက်(၁၀)နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ချောလမ်းသစ်အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး အင်ဂျင်နီယာ ဦးခင်မောင်ဌေး၊ လူထုဗဟိုပြု အဖွဲ့ခေါင်းဆောင် ဦးလှထူး၊ ရွာမိရွာဖ ဦးသာလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက လမ်းခင်းထားမှု အခြေအနေများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက နိုင်ငံတော်အနေဖြင့် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်နိုင်ဝင်းက စီမံကိန်းလုပ်ငန်းဖြင့် သွားလာမှုအဆင်ပြေစေရေးအတွက် လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုများ၊ လူထု ဗဟိုပြုစီမံကိန်း မြို့နယ်အဖွဲ့ခေါင်းဆောင် ဦးလှထူးက လူထုဗဟိုပြုစီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ပေးနေမှုများကို ရှင်းလင်းဆွေးနွေးကြသည်။
တည်လေးပင်ကျေးရွာအုပ်စု၊ အိုင်တိုရွာသစ်ကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း ရန်ပုံငွေကျပ်သိန်း(၁၀၀)၊ ကျေးရွာပြည်သူများ စုပေါင်းလှူဒါန်းငွေကျပ် (၇၇၁၀၀၀) တို့ဖြင့် လမ်းအရှည်ပေ (၁၁၃၀) ပေ၊ အကျယ် (၁၂) ပေ (၉) လက်မရှိ ကျောက်ချော လမ်းသစ်ကို ဖောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

No comments:

Post a Comment