Thursday, June 15, 2017

အမ်း- စစ်တွေ ကားလမ်း၌ ခရီးသွားယာဉ်များအား အလှည့်ကျဖြတ်သန်းခွင့်ပြုပေးလျက်ရှိ



အမ်း    ဇွန်    ၁၅

ရန်ကုန်-စစ်တွေကားလမ်းမကြီး ၊  အမ်း- စစ်တွေ ကားလမ်း  ( အမ်း-ကြာအင်းတောင် အပိုင်း) မိုင်တိုင်အမှတ် (၂၈/၀) မိုင် နှင့်   (၂၈/၁) မိုင်ကြား၌   မိုးသည်းထန်စွာရွာသွန်းမှုကြောင့် 
လမ်းပေါ် ရေကျော်ကာ အလျား(၁၀၀)ပေ၊ အနံ(၃၀)ပေ၊  အမြင့်(၄၀) ပေ အကျယ်  လမ်းသားပဲ့ကျမှုဖြစ်ပွားခဲ့ပြီး  မူလလမ်းပေ (၄၀)မှ(၂၈)ပေ ထိ ရေတိုက်စားမှု ပါရှိသွားကာ    လမ်းသား(၁၂)ပေသာ ကျန်ရှိခဲ့မှုကြောင့် လမ်းပြုပြင်ပြီးစီးမှု  မရှိသေးသော်လည်း  လမ်းပေါ်   ရေကျော်လျော့ကျမှု  အခြေအနေပေါ်မူတည်၍ ခရီးသွားပြည်သူများ သွားလာမှု အဆင်ပြေစေရန်   သက်ဆိုင်ရာမှ   ယာဉ်များအား ဇွန်လ ၁၅ ရက် ၊   နံနက် ၉ နာရီ အချိန်က စတင်  အလှည့်ကျ ဖြတ်သန်း ခွင့်ပြုပေးလျက်ရှိသည်။
လမ်းပြုပြင်ပြီးစီးရေးအတွက်    လမ်းအထူးအဖွဲ့ ( ၁၆ ) မှ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် ( ပြန်/ဆက်)

No comments:

Post a Comment