ရန်ကုန် ဇွန် ၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
၊ Qingdao မြို့၌ ဇွန် ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၁၄)ကြိမ်မြောက် အာရှသတင်းမီဒီယာ
ထိပ်သီး အစည်း အဝေးသို့ တက်ရောက်ရန် ယနေ့နံနက်(၁)နာရီက လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ
ထွက်ခွာရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့်
တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ
အမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (အသံလွှင့်) မှ
ညွှန်ကြားရေးမှူး ဦးဇေယျာတို့လိုက်ပါသွားကြသည်။
(သတင်းစဉ်)
No comments:
Post a Comment