Monday, June 5, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆိုးလ်မြို့မှတစ်ဆင့် ကနေဒါနိုင်ငံသို့ ဆက်လက်ထွက်ခွာ

ဆိုးလ် ဇွန် ၅
ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေး ခရီးသွားရောက်ရန် နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၄ ရက် ညပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာ လာရာ ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ဇွန် ၅ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ရောက်ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဆိုးလ်မြို့ အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာသံအမတ်ကြီး သူရသက်ဦးမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ဝင်များသည် ကိုရီးယားလေကြောင်းလိုင်းဖြင့် နံနက် ၉ နာရီခွဲတွင် ကနေဒါနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားကြသည်။ (သတင်းစဉ်)

No comments:

Post a Comment