Thursday, June 22, 2017

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဟောပြော



စေတုတ္တရာ    ဇွန်    ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင်  မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အမှတ် ( ၁ ) ရပ်ကွက် ၊ ဗန္ဓရရပ်ကွက်ရှိ “မြို့လယ်” ဓမ္မာရုံတွင် ဇွန် (၂၁) ရက် ၊ ညနေ (၃) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေတတ်သော  ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတွင် စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ဝင်းနိုင်မှ ယခုအခါ မိမိတို့ရဲတပ်ဖွဲ့ အနေဖြင့် ပြည်သူများအတွင်း မူးယစ်ဆေးဝါးများ ရောင်းချခြင်း ၊ သုံးစွဲခြင်း မရှိစေရေးကို အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် လူမှုရေး၊ စီးပွားရေးများ ထိခိုက်ပြီး ကျန်းမာရေး ချို့ယွင်းနိုင်ကြောင်း ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ဆိုးကျိုးများ ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဟောပြောခဲ့သည်။ ထို့အပြင်ရပ်ကွက်နေပြည်သူများမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ မြို့နယ်တပ်ဖွဲ့မှူး ယာယီရဲမှူး ဝင်းနိုင်မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ် (၁) ရပ်ကွက်နှင့် ဗန္ဓရရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ၊ ရာအိမ်မှူးများ ၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment