လားရှိုး ဇွန် ၆
လားရှိုးမြို့၊
Two Elephants Hotel ခန်းမ၌ ဇွန်လ ၆ ရက် နံနက် ၁၀ နာရီအချိန်က ကျား/မ အခြေပြု အကြမ်းဖက်မှု
နှင့်ပတ်သက်၍ ကဏ္ဍပေါင်းစုံညှိနှိုင်းဆောင်ရွက်ခြင်း အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေး၌
လားရှိုးမြို့၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်ထူးက
အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးက လက်ရှိဆောင်ရွက်လျက်ရှိသော
လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် ရှမ်းမြောက် အမျိုးသမီး ကွန်ရက်မှ
လက်ရှိဆောင်ရွက်လျက်ရှိသော ကျား၊မအခြေပြု တုံ့ပြန် ဆောင်ရွက်မှုလုပ်ငန်းစဉ်များအကြောင်းကို
ရှင်းလင်းတင်ပြခဲ့ပြီး Care Myanmar အဖွဲ့မှ အစည်းအဝေးပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို
ရှင်းလင်းတင်ပြခဲ့သည်။ ကျား/မ အခြေပြု အကြမ်းဖက်မှု နှင့်ပတ်သက်၍ ကဏ္ဍပေါင်းစုံ ညှိနှိုင်းဆောင်ရွက်ခြင်း
အစည်းအဝေးသို့ ဖိတ်ကြားထားသော သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရှမ်းမြောက် အမျိုးသမီးများကွန်ရက်မှ
တာဝန်ရှိသူများနှင့် အရပ်ဘက် လူမှုကူညီရေးအသင်းတို့မှ တာဝန်ရှိသူများ၊ NGO များ စုစုပေါင်း(၃၉)ဦး
တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်ဌေး(လားရှိုး)
No comments:
Post a Comment