Wednesday, June 21, 2017

ပျဉ်းမနားမြို့နယ်၌ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲကျင်းပ



နေပြည်တော်    ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံက်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ပညာပေးဟောပြောပွဲကို ဇွန်လ ၂၁ ရက် နေ့လည် ၁ နာရီတွင် ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာ အုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(သစ်လေးလုံး)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထို့သို့ ပညာပေးဟောပြောရာတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မူးယစ် တပ်ဖွဲ့စု(၁၀၁)မှ ဒုတိယရဲမှူး လှစိုးက မူးယစ်ဆေးဝါးအန္တရာယ်နှင့် တရားမ၀င်ရောင်းဝယ်မှုတို့နှင့် ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ် ဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး၊ ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးခိုင် မူးယစ်ဆေးဝါးအန္တရာယ် ကင်းရှင်းဖို့ စာအုပ်စာစောင်ဖတ်ကြစို့နှင့် မူးယစ်ကင်းစင်တို့ကျောင်းတစ်ခွင်ခေါင်းစဉ်ဖြင့် ပညာပေး ဟောပြောသည်။ ထို့နောက်  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးပညာပေး နံရံကပ်စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုလေ့လာမှတ်သားကြကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)

No comments:

Post a Comment