Wednesday, June 21, 2017

ရမည်းသင်းမြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံး ဖွဲစည်း

ရမည်းသင်း    ဇွန်   ၂၁
မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးဗဟိုမှ ဥက္ကဌ ဆရာနွယ်နှင့်အဖွဲ့ဝင်များသည် ဇွန် ၂၁ ရက် မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့ လူမှုထူးချွန်စာကြည့်တိုက်တွင် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး ရမည်းသင်းမြို့နယ် ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းမြို့ ပန်းချီဦးဝင်းဇော်(ဘိုဘိုဝင်းဇော်)မှ ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားကာ ရမည်းသင်းမြို့နယ်အတွင်း ပန်းချီ၊ ပန်းပုအစည်းအရုံးဖွဲ့စည်းရခြင်းကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို) ဥက္ကဌ ဆရာနွယ်မှ မြန်မာနိုင်ငံအတွင်း ပန်းချီ၊ ပန်းပု ပညာထွန်းကားရေး၊ ယဉ်ကျေးမှုအမွေအနှစ်ကို ထိမ်းသိမ်းခြင်း၊ ပန်းချီ၊ ပန်းပုပညာရှင်များ ပေါ်ထွန်းလာစေရေးတို့ကို ရှင်းလင်းဆွေးနွေးကာ၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး (ဗဟို) အတွင်းရေးမှူးတြိဂံထွန်းနိုင်မှ ပန်းပုပညာရပ် မပပျောက်စေရန် အတတ်ပညာရှင်များ မွေးထုတ်ခြင်းကို ဆွေးနွေးခဲ့သည်။
ထို့နောက် ရမည်းသင်းမြို့နယ် ပန်းချီ၊ ပန်းပု အစည်းအရုံး ပညာရှင်များ အစည်းအရုံး အလုပ်အမှုဆောင် ရွေးချယ်တင်မြောက်ရာ အတည်ပြု အမည်စာရင်းကို မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို) နိုင်ငံတကာဆက်ဆံရေး ဦးမိုးကျော်သန့်မှ ဖတ်ကြားရာ ရမည်းသင်းမြို့နယ် ပန်းချီ၊ ပန်းပု အစည်းအရုံး အလုပ်အမှုဆောင် ဥက္ကဌ ဦးအောင်သောင်းနှင့်အဖွဲ့ဝင်၊ အတွင်းရေးမှူး အမည်စာရင်းကို အတည်ပြု ဖတ်ကြားပြီး အသင်းဝင်များမှ သိရှိလိုသည်များကို မေးမြန်ရာ (ဗဟို) ဥက္ကဌ ဆရာနွယ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment