Thursday, June 15, 2017

ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတ တိုးပွားစေရန် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်



ချောင်းဆုံ            ဇွန်        ၁၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေပြီး စာပေကို ချစ်မြတ်နိုးစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာသင်ကျောင်းများသို့ Mobile စာကြည့်တိုက် လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကွမ်သဲကျေးရွာ ကွမ်သဲ(တော်ပေါင်း) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။သည်။

ရှေ့ဦးစွာကျောင်းသား၊ ကျောင်းသူများအား စာပေနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ အကြောင်းကို ပြန်/ဆက် ဦးစီးမှူး ဒေါ်မိသူဇာကပြောကြားကာအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ပညာပေးပြဘုတ် နံရံကပ် စာစောင်နှင့် အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအကျဉ်း၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ စသည် တို့ကိုပြသပေးခဲ့ပြီးစာအုပ်စာစောင်များဖတ်ရှုစေခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment