Thursday, June 15, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲ ကျင်းပ



ထားဝယ်       ဇွန်     ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲကို ဇွန်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။      

ဟောပြောပွဲတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီချိုက ကျောင်းသား/သူများအား ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း၊ ကျောင်းသား/ကျောင်းသူများ အနေဖြင့် မူးယစ်ဆေးဝါးကို အထူးရှောင်ရှားရန် လိုကြောင်းနှင့် ပညာရေးကို ကြိုးစားကြရန်လိုကြောင်း ၊ စာပေဖတ်ရှုခြင်းမှ ရရှိသော အကျိုးကျေးဇူးများအကြောင်းကို အသိပညာပေး ဟောပြောပြီး ခရိုင် ဦးစီးအရာရှိ ဦးသန်းမြင့်က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ ၊ နိုင်ငံတော်မှ အမျိုးသားရေး တာဝန်အဖြစ် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် တိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအကြောင်း တို့ကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးက ကျောင်းစာကြည့်တိုက် အတွက် စာအုပ်များ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီးဦးမောင်ညိုက လက်ခံယူပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဆရာမများနှင့်ကျောင်းသား/ကျောင်းသူများ က ထားဝယ်ခရိုင်ရုံးမှ ခင်းကျင်းပြသထားသော နိုင်ငံတော် အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုမှတ်တမ်းများနှင့် မူးယစ်ဆေးဝါး အသိပညာပေးပြဘုတ်များအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment