Thursday, June 15, 2017

ဝက်သည်းကန်းအမှီပြု၍ ကြာချည်အိမ်တွင်းလုပ်ငန်းဖြင့် ၀င်ငွေတိုးပွားရရှိ



စလင်း          ဇွန်            ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ ဝက်သည်းကန်းအတွင်း သဘာဝအလျောက် ပေါက်ရောက်သည့် ပဒုမ္မာကြာတောကြီးမှ ကြာချည်ထုတ်လုပ်လျက်ရှိသည့် အနောက်ကန်ဘောင် ကျေးရွာ၊ အောင်လှိုင်းကျေးရွာ၊ တမာချောင် ကျေးရွာ၊ ဆင်ကျုံးကျေးရွာူနှင့် နယ်နိမိတ် ထိစပ်လျက်ရှိသည့် ဒေသခံတောင်သူများ ကြာချည်အိမ်တွင်းလုပ်ငန်းဖြင့် ၀င်ငွေတိုးပွားလျက်ရှိကြောင်း သိရသည်။
"ယခုလိုကြာချည်ထုတ်လုပ်နိုင်ရန် ပဒုမ္မာကြာရိုးများကို ခူးဖြတ်၍ ၄ ပေခန့် ရှည်သော ကြာရိုးများကို ၃ လက်မခန့်ဖြတ်ကာ ကြာရိုးမှ ထွက်ရှိလာသည့် အစေးများကို သစ်သားခုံပေါ်တင် လက်ဖြင့်လိမ့်ကျစ်ပြီး ကြာချည်မျှင်ထုတ်လုပ်ရတယ်၊ ကုန်ကြမ်းအဆင့်ပေါ့ ကြာချည်ကုန်ကြမ်းကို အင်းလေး ဒေသသို့ ၁ ပိဿာ ကျပ် ၄ သိန်းနှုန်းခန့်ဖြင့် ပေးပို့ရောင်းချရပါတယ်၊ ဒီကပေးပို့တဲ့ ကြာချည်ကုန်ကြမ်းများကို ကုန်ချောအဖြစ် ကြာသင်္ကန်းရက်လုပ်မှုတွင် အသုံးပြုပါတယ်၊ ဒါပြင်ကြာဖတ်ကို ဟင်းသီးဟင်ရွက်၊ သား၊ ငါး ထုတ်ပိုးရာတွင် အသုံးပြုရ၍ ရွက်ရေ ၃၀ လျှင် ကျပ် ၁၀၀ နှုန်းဖြင့် ရောင်းချလို့ရပါတယ်" ဟု အနောက်ကန်ဘောင် ကျေးရွာနေ ဒေါ်မိုးမိုးက ပြောပြချက်အရ သိရသည်။
စလင်းမြို့၏ အထင်ကရဖြစ်သော ၀က်သည်းကန်သည် သဘာဝပတ်ဝန်းကျင်နှင့် သား၊ငှက် တိရစ္ဆာန်ထိန်းသိမ်းရေးနယ်မြေ ငှက်ဘေးမဲ့တောအဖြစ်သတ်မှတ်ထားပြီ၊ ရေပြင်ဧရိယာ ၃၅၀ဧက ရှိကြောင်း သိရသည်။ ပဒုမ္မာကြာတောကြီးများမှာ နေရာအနှံပေါက်ရောက်ပြီး ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာပုဏ္ဏရိပ်၊ ကြာတံဆိပ်၊ ကုမုဒြာကြာစသည့် ကြာမျိုးစုံပေါက်လျက်ရှိကာ တပေါင်း၊တန်ခုး၊ ကဆုန်၊နယုန်၊ဝါဆို၊ ဝါခေါင်၊ တော်တလင်းလများတွင် အများဆုံပေါက်ရောက်ကြောင်း သိရှိရသည်။
ဖိုးပြည့်

No comments:

Post a Comment