Monday, June 5, 2017

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး နဝမနေ့ကျင်းပ


နေပြည်တော် ဇွန် ၅
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး န၀မနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပရာ မေးခွန်း(၈)ခုမေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာ(၁)ခုနှင့် အဆို(၁)ခုတင်သွင်းခြင်းနှင့် ဥပဒေကြမ်း(၁)ခု ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင် ရွက်ကြသည်။
အစည်းအဝေးတွင် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ ကျန်းမာရေးမှူးများ အပါ အဝင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှု အကာအကွယ်ရရှိ နိုင်ရေးနှင့်လုပ်ငန်းဆောင်ရွက်မှု ပိုမိုပီပြင်စေရန်အတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတွင် ကျင့်သုံးလျက်ရှိသောဥပဒေပေါင်း(၂၃)ခုနှင့် အသစ်ပြဋ္ဌာန်းရန် စီစဉ်ရေးဆွဲလျက်ရှိသည့် ဥပဒေ(၈)ခုရှိပါကြောင်း၊ လက်ထောက်ကျန်းမာရေးမှူးများနှင့် ကျန်းမားရေးဝန်ထမ်းများ အား လုပ်ငန်းခွင်လုံခြုံရေးအတွက် ကာကွယ်ပေးသည့်ဥပဒေ မရှိသေးပါကြောင်း။
အခြေခံကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်တွင် အရေးပေါ်ဆေးကုသခြင်းများ မဖြစ်မနေဆောင်ရွက်ရသည့်အခါ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပြည်သူ့ ကျန်းမားရေးဦးစီးဌာနက ညှိနှိုင်းဖြေရှင်းပေးလျက်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူ များကို ကျန်းမာရေးစောင့်ရှောက်ပေးနေကြသော လက်ထောက်ကျန်းမာရေးမှူးများ  အပါအ၀င် သားဖွားဆရာမများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းအားလုံး လုပ်ငန်းခွင် လုံခြုံရေးအတွက် ကာကွယ်ပေးသည့်ဥပဒေ ပေါ်ထွန်းလာစေရေးအတွက် သက်ဆိုင်ရာ အသင်း၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ကချင်ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် ရှိသင့်ရှိ ထိုက်သော ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် အထူးကုဆရာဝန်ကြီးများ အမြန်ဆုံး ခန့် ထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြစ်ကြီးနားမြို့၏ အထူးကုဆရာဝန် လိုအပ်ချက်အား ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အထူးကုဆရာဝန်ကြီးတစ်ဦး ပေးမည်ဆိုပါက မေ့ဆေး၊ ဓာတ်မှန်၊ ခွဲစိတ်၊ သူနာပြု၊ စက်ကိရိယာနှင့် ကျွမ်းကျင်ဝန်ထမ်းများပါ တွဲဖက်ပေးရ သည့်အတွက် ချက်ချင်းမပေးနိုင်ခြင်းဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် ရမည်းသင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဝင်း၊ မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိုးမိုးသူ၊ ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၊ မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်း ဆိုင်မိုင်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်တို့၏ အားကစားကွင်းများတည်ဆောက်ပေးရေး၊ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာန ခွဲများ အဆင့်တိုးမြှင့်ပေးရေးဆိုင်ရာမေးခွန်းများကိုလည်း ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြားခဲ့သည်။
ထို့နောက် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်းက လူတိုင်းလက်လှမ်းမီ သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များ (Universal Health Coverage) ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူများ အပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့်ကျန်းမာရေးဝန်ဆောင်မှုများ အချိန်မီရရှိစေရေး၊ ယင်း ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များအတွက် လိုအပ်သည့်ရန်ပုံငွေများ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံပူးပေါင်း ပါဝင်ဆောင်ရွက်သည့် အမျိုးသားကျန်းမာရေး အာမခံစနစ်(National Health Insurance System)တည်ထောင်ဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံ ဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း တင်သွင်းကြရန် အသိပေးကြေညာ သည်။
ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် “တူးမြောင်းဥပဒေကြမ်းနှင့်စပ် လျဉ်းသည့်ပြင်ဆင်ချက်အဆိုများ ဆွေးနွေးအတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ ကြသည်။ ကျော်သူထက်(သတင်းစဉ်)

No comments:

Post a Comment