Tuesday, June 6, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ် မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့်ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ


ပုသိမ်   ဇွန်   ၆ 
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို မြို့မ အထက(ခွဲ)နှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲကို အထက(၆)၌ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကျင်းပရာနေရာများသို့ တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ ကော်မတီဝင်များ၊ ဒိုင်အဖွဲ့များက လိုက်လံကြည့်ရှူ အားပေးခဲ့ကြောင်း သိရသည်။
လူသားတို့ကမ္ဘာ မပျက်သုဉ်းဖို့ အန္တရာယ်မူးယစ်ဆန့်ကျင်စို့၊ မူးယစ်ကင်းစင်ပြည်တခွင်စည်ပင်ဖွံ့ဖြိုးစီးပွားတိုး၊ အားကစားဖြင့်မျိုးဂုဏ်မြှင့်ဖို့ မူးယစ်ဆေးကို ဆန့်ကျင်စို့၊ သက်ရှည်ကျန်းမာ လူသားကမ္ဘာ မူးယစ်ဆေးဝါးတိုက်ဖျက်ပါ၊ မူးယစ်စွဲသူ ဖေးမကူရောင်းချသူကို အရေးယူ ပြိုင်တူဆောင်ရွက် တိုင်းပြည်တွက်၊ Listen FIST Listen to children and youth is the first step to help them grow healthy and safe ခေါင်းစဉ်များဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၂၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ၂၀၁၇ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ဆုပေးပွဲကို အခမ်းအနားဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မောင်မောင်မြင့်  ( ပြန်/ဆက်)

No comments:

Post a Comment